ရပ်စောက် မေ ၁၉
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၉) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စာရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့်အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၈ နာရီက တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ တပ်မတော် (ကြည်း) အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တပ်မတော်(ကြည်း)အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၂၁၇) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်နှင့်အတူတာဝန်ရှိသူများက စာရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့်အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)