မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ

မှော်ဘီ မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာ၊ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲနုဝေက စာရေးဆရာ(နတ်ရှင်ရွှေဂူ)ရေးသားသည့် "အနာဂတ်ကိုမျော်တွေးပါ" စာအုပ်မှ အနာဂတ်ကို မျော်တွေးပါဆောင်းပါးပါအနာဂတ်ကို မျော်တွေးပြီး ပစ္စုပ္ပန်မှာ အလုပ်လုပ်ရမှာဖြစ်ပါကြောင်း၊ ချမ်းသာသူဘဲဖြစ်ဖြစ်ဆင်းရဲသူဖြစ်ဖြစ် ဘာကြောင့် ဆင်းရဲလဲ၊ ဘာကြောင့်ချမ်းသာလဲဆိုတာ တွေးဖို့လိုအပ်ပါကြောင်း၊ အနာဂတ်အတွက်ပြင်ဆင်ရာမှာ ကိုယ်ကျင့်တရားကောင်းပြီး လူသားဆန်ရမှာဖြစ်ပါကြောင်း၊ သားသမီးများရဲ့ ဘဝအနာဂတ်ကိုဆရာ၊ ဆရာမများသာမက မိဘများကိုယ်တိုင်ပြုပြင် ပြောင်းလဲနိုင်ပါကြောင်းဖတ် ကြားဆွေးနွေးခဲ့ရာစာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက မိမိတို့သိရှိသမျှကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကလေးငယ်များအား ပုံပြင်ဖတ်ပြခြင်းနှင့် စာဖတ်စေခြင်းများ ပြုလုပ်ကာ လူငယ်ရေးရာကော်မတီမှ လှူဒါန်းသော အာဟာရများ အားပေးဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

စန်းဝင်း (ပြန်/ဆက်)