ကျောက်တလုံးကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ကျောက်တလုံးကြီး မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များနှင့် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ()နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာပေ၏တန်ဖိုး၊ အသိပညာတိုးတက်စေခြင်း၊ မှတ်ဖွယ်မှတ်ရာစာပေများ စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား/သူလူငယ်များ၊ ပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေးလုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း