ရန်ကုန် မေ ၁၉
မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများ အသင်းမှ ဦးစီးကျင်းပသည့်(၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ 9 Thailand Education Fair (Myanmar)အား မေ ၂၄ ရက်(စနေ့နေ့)တွင် နံနက်၉ နာရီမှ ညနေ ၄ နာရီအထိရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။
ယင်းပညာရေးပြပွဲတွင် ထိုင်းနိုင်ငံမှနိုင်ငံတကာအဆင့်မီ နာမည်ကျော်တက္ကသိုလ်၂၁ခုမှ ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်းရယူနိုင်မည်ဖြစ်သည်။
အဆိုပါထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Asian Institute of Tech-nology (AIT) Asian Maritime Technological Collage | Asian Institute of Hospitality Management (AIHM)၊Bangkok University | King Mongkut's Institute of Technology Ladkrabang (KMITL)London Universities at Bangkok Centre(LUBC)၊ Mahidol Uni-versity International College (MUIC)၊ North Chiang Mai University Silpakorn University International College Southeast Bangkok University, Thailand၊ Stamford International University Thamma-sat Business School The Global Academy at Siam University University of the Thai Chamber of Commerce(UTCC)စသည့် တက္ကသိုလ်၊ ကောလိပ်ကျောင်းများနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာကျောင်းသားကျောင်းသူများ အနေဖြင့်ကွန်ရက်များ ချိတ်ဆက်နိုင်မည့်ပညာရေးပြပွဲသို့ မည်သူမဆိုဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာနိုင်မည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်အများအပြားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အောင်မြင့်