ရန်ကုန် မေလ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် ယမန်နေ့နက်နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံမူလတန်းကျောင်း၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆောက်လုပ်ခဲ့သော RCC (၁၄၀ပေ×၃၀ပေ)နီ လာဆောင် နှစ်ထပ်ကျောင်းဆောင်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စတင်၍ ဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်မေလတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကြာမြင့်ချိန်(၈)လရှိကာ နိုင်ငံတော်မှ ၄၆၀.၆၅၅သန်းကုန်ကျပေးခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲမှူး၊မြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီဌာနမှ မြို့နယ်ဦးစီးမှူး၊ မြိုနယ်လက်ထောက်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပညာတန်ဆောင်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပေးပြီး၊ ကျောင်းဆောက်လုပ်ရေးအဖွဲ့မှ ဆောက်လုပ်ပြီးစီးမှု့ကိုရှင်းလင်းပြောကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌမှ မုတိတာစကားပြောကြားကြပြီးကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားကာ တာဝန်ရှိသူများမှအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင် းသိရှိရပါသည်။
မြို့နယ်(ပြန်ဆက်)