တန့်ယန်း မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအား ပြည်သူများသိရှိနိုင်ရန် အသိပညာပေးဆွေးနွေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)ရပ်ကွက်၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲ၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးတန်ကီးက လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူတောင်သူလယ်သမားများ၏ သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)