တပ်ကုန်း မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့၍ မကျီးပင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသ(ခေါ်)ပေါင်နသာရိုးချောင်း ရေလျှံမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း အိမ်ဝိုင်းခြံများအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေများဝင်ရောက်ခဲ့သည်။
အဆိုပါအိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ၊ စေတနာရှင်များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေတွင်းဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီရွှေ့ပြောင်းပေးခဲ့ပြီး ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များအား ရေသန့်ဗူးနှင့် ထမင်းထုပ်များ စီစဥ်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်