တွံတေးမြို့နယ်၌ တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းကုသပေးခြင်း ဆောင်ရွက်

တွံတေး မေ ၁၈

တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် အဖွဲ့သည် အလံအုပ်ကျေးရွာကျိုက်ဖူးကျိုက်ပါကျောင်းတိုက်တွင် ပြုလုပ်သော (၇)ရက်တရားစခန်းသို့ သွားရောက်၍ သံဃာတော်၊ သီလရှင်နှင့် ယောဂီများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အလံအုပ်ကျေးရွာ ကျိုက်ဖူးကျိုက်ပါကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးမှ အလံအုပ်ကျေးရွာ ကျိုက်ဖူးကျိုက်ပါကျောင်းတိုက်တွင် ပြုလုပ်သော (၇)ရက်တရားစခန်းမှ သံဃာတော်၊ သီလရှင်နှင့် ယောဂီ (၂၀)ဦးတို့အား ဒူးနာ၊ ခါးနာရောဂါအကြောင်း ဆောင်ရန်၊ ရှောင်ရန်တို့ကို ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သံဃာတော်၊ သီလရှင်နှင့် ယောဂီများအား တိုင်းရင်းဆေးဖြင့် ကုသပေးရာ လာရောက်ကုသသူ လူကြီးကျား(၁၇)ဦး၊ လူကြီး(မ)(၄၅)ဦး စုစုပေါင်း(၆၂)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား