မြိတ်မြို့တွင် မှုခင်းကျဆင်းရေးနှင့် Guardian Link Press Connect Protect စနစ် အသုံးပြုခြင်းဆိုင်ရာ ပညာပေးရှင်းလင်း

မြိတ် မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှုခင်းကျဆင်းရေးနှင့် Guardian Link Press Connect. Protect စနစ်အသုံးပြုခြင်းဆိုင်ရာများကို ပုလဲရတနာခန်းမတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူများအား ပညာပေးရှင်းလင်းသည်။

ရှေးဦးစွာ  မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အကြမ်းဖက်စိန်ခေါ်မှုများကို ကာကွယ်တားဆီးခြင်း၊ နှိမ်နင်းခြင်းများတွင် အထောက်အကူဖြစ်စေနိုင်သော ပြည်သူများ ပူးပေါင်းပါဝင်သည့် Guardian link စနစ် အသုံးပြုခြင်းဆိုင်ရာများနှင့် မှုခင်းလျော့နည်း ကျဆင်းရေးအတွက် ပြည်သူများ သိရှိပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မိမိတို့ မြို့ရွာလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့် Guardian link စနစ်အသုံးပြုခြင်းအား မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ခရိုင်လုံခြုံရေးတပ်ခွဲမှူး ရဲမှူး အုန်းလွင်က လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်က Guardian Link Press Connect Protect စနစ်အသုံးပြုခြင်းဆိုင်ရာများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြော ကြားသည်။

ပညာပေးရှင်းလင်းပွဲသို့ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေ/ ငွေ/ ရတနာလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်း ရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ Shoppin Mall လုပ်ငန်းရှင်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)