နမ့်စန်(တ) မေ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီ က စတင်၍ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲကို နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း ၁၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်းတို့မှ မူလတန်း/အလယ်တန်းကျောင်းအုပ်ကြီးများနှင့် မူလတန်း/အလယ်တန်းအဆင့်သင် ဆရာ/ဆရာမ စုစုပေါင်း(၂၂၉)ဦး တက်ရောက်လျှက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်တို့၏ ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ (၁၆) ဦးက က မေလ ၁၈ ရက်နေ့ မှ ၂၀ရက်နေ့အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)