လွိုင်လင် မေ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီးနစ်မြှပ်သည့် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ခဲ့ပါသည်။
ဦးစွာ လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့်က ငါးသားပေါက်များ ပေးအပ်ရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ်အတွင်းမှ ပါဟုတ်ကျေးရွာ၊ ပင်လုံမြို့ဝမ်မိုင်ရွာ၊ နောင်မိန်းရွာ၊ ပန်မုန့်ရွာနှင့် ရပ်ကွက် (၄) မှ ငါးမွေးတောင်သူများအား ငါးသားပေါက်များကို မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါ လွိုင်လင်မြို့နယ် အတွင်းငါးမွေးတောင်သူ (၉) ဦး၏ ၁၉.၅၈ ဧကအတွက် ရွှေဝါငါးကြင်း ၁၉၅၈၀ ကောင်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး