ကျိုင်းတုံ မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅-၂၀၂၆ အညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲကို မေ ၁၇ ရက်က ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)၊ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က (၄) ကျောင်းရှေ့တို့တွင် ပြုလုပ်သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုင်းဆမ်တစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများက ၂၀၂၅-၂၀၂၆ အညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)