ကျောက်တံခါးမြို့နယ်တွင် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲ ကျင်းပ

ကျောက်တံခါး မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှု့အရည်အသွေး ပိုမိုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အနောက်ရပ်) စံပယ်ဆောင်တွင် ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာကျော်က သင်တန်းဖွင့်လစ်ရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည် အသွေးပိုမိုထိရောက်စေရန် အလယ်တန်းအဆင့် နည်းပြ ဆရာ၊ ဆရာမ (၂၉)ဦး တို့က အလယ်အဆင့် ဆရာ၊ ဆရာမ (၄၅၄) ဦးကိုလည်းကောင်း၊ မူလတန်းအဆင့် နည်းပြဆရာ/ ဆရာမ (၅၆) ဦးက မူလတန်းအဆင့် ဆရာ၊ ဆရာမ(၈၃၁)ဦးတို့အားလည်းကောင်း အခြေခံပညာအထက်တန်း(ကျောက်တံခါး)နှင့် အခြေခံပညာ (အနောက်ရပ်)ကျောင်းတို့တွင် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာသင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)