ဇမ္ဗူသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မေ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့က အလျင်လိုကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းပြည့်သိမ်းဦးစီး၍ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူနေအိမ်များနှင့်စာသင်ကျောင်းဝင်းအတွင်းရှိ သောက်သုံးရေကန်များ၊ ခြင်များခိုအောင်းနေထိုင် ပေါက်ဖွားမှုမဖြစ်စေရေး ရေအိုး၊ သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)