ကြည့်မြင်တိုင် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာဘလုပ်ညွန့်စက်ကလေးရပ်ကွက်၊ ဓမ္မာရုံ၌ ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးညီညီနှင့်အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်သူနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် (၈၀) ကို Biometric UID တစ်ပါတည်း ကောက်ယူဆောင်ရွက်ပေးခဲ့သည်။ ကြည့်မြင်တိုင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ရပ်ကွက်များအတွင်း နေ့စဥ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)