အင်းလေးဒေသရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ကျေးရွာများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး

ညောင်ရွှေ မေ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မန္တလေးငလျင်ကြီးဒဏ်သင့် ကျေးရွာများရှိ အသက် (၂) နှစ်နှင့်အထက် ပြည်သူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်းကို မေလ ၁၆ ရက်နေ့က ကြေးစားကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပြီး ဒေသခံပြည်သူ ၇၇၁ ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် တိုက်ကျွေးခဲ့သည်။ အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်း (Pre-emptive OCV Campaign For Mandalay Earthquake Affected Area)ကို ဧပြီ ၂၉ ရက်မှ စတင်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အင်းလေးဒေသရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ကျေးရွာများမှ ပြည်သူ ၂၁၅၉၇ ဦးအား ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)