ဗိုလ်တထောင် မေ ၁၇
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပညာရာမိက မဟာကျောင်းတိုက် ဓမ္မာရုံအတွင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူထုအသိပညာပေး အသိပညာပေး ဟောပြောခဲ့ရာ ပြန်ကြား ရေးဝန်ကြီးဌာန၏ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဆိုသည်နှင့်အညီ မိမိဌာန၏လုပ်ငန်းဆောင်ရွက်မှုများ ဗိုလ်တထောင်စာကြည့်တိုက် Page တွင် စာကြည့်တိုက်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လူငယ်များ ကျောင်းသားသူငယ်များ သိသင့်သိထိုက်သည့် ပညာပေးပုံပြင်များ၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်နည်း အမျိုးမျိုးများ၊ စာအုပ်မိတ်ဆက်များ၊ ကဗျာများ လွင့်တင်ပေးလျက်ရှိကြောင်း၊ ဗိုလ်တထောင်သတင်း Page တွင် နေ့စဉ်ထုတ်သတင်းစာများ၊ သဘာဝဘေးအန္တရာယ်သတင်းများ၊ အခါကြီး ရက်ကြီး နေ့ထူးနေ့မြတ် များအကြောင်း၊ Talk Show များ ရိုက်ကူးမှုများ အစရှိသည့်များအား အချိန်နှင့်တပြေးညီ တင်ပြပေးခြင်း၊ ဗိုလ်တထောင် Tik Tok များတွင် ပြည်သူများ အသိပညာရစေမည့် အကြောင်းအရာများအား ရိုက်ကူးတင်ပေးလျက်ရှိပါကြောင်း ပြည်သူများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာအုပ်စာစောင်များဖြင့် ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ရဟန်းသံဃာများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)