မိုင်းယန်းမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုင်းယန်း မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင်  မိုးစပါးစိုက်ဒေသခံ တောင်သူလယ်သမားများအား မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးတက်ရရှိစေရန်အတွက် မိုးစပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍  မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်က မိုင်းယန်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအတွက် မိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “အောင်နိုင်တိုး” (YSR-1) မျိုး စိုက်ဧက(၅)ဧက၊ "DU-16* မျိုး စိုက်ဧက(၁၅)ဧက၊ “မှော်ဘီ” ကောက်ညှင်းမွှေး စိုက်ဧက (၂) က၊ စုစုပေါင်း မိုးစပါးစိုက်ဧက (၂၂) ဧကအတွက် မျိုးစပါးမျိုးကောင်းမျိုးသန့်(R-S Reseter Seeds)တို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က အသီးသီးထောက်ပံ့ပေးအပ်ရာ မိုင်းလွေကျေးရွာ အုပ်စု၊ မိုင်းလွေကျေးရွာမှ စပါးစိုက်တောင်သူ ဦးအိုက်သန်းပါ တောင်သူ(၁၂)ဦးတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး