ဗဟန်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြပြုဗဟိုဌာနတွင် ယမန်နေ့ ၁၆ ရက် နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ မုံရွာသောင်းမြင့်သိန်း၏ အနှစ်မပြယ် ချစ်စဖွယ်(၈၀)ကဗျာများ (အဂ်လိပ်/မြန်မာ)စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ စာပေ၊ ကဗျာဝါသနာ၊ စိတ်ပါ၀င်စားသူများ (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာ စာရေးသူမုံရွာသောင်းမြင့်သိန်းက မိတ်ဆက်စကားပြောကြားရာတွင် သီချင်းလည်းဆို၊ ကဗျာလည်းရေးသည့်အကြောင်း၊ ဝါသနာအရအနုပညာအလုပ်များကို ဆက်လက်လုပ်နေမည်ဖြစ်ကြောင်း၊ ကျွန်တော်ရဲ့အနုပညာကို
စာပေ၊ကဗျာ စိတ်၀င်စားတဲ့ မိတ်ဆွေတွေ ဆက်လက်အားပေးကြပါအုံးလို့ နှုတ်ခွန်းမိတ်ဆက်စကားပြောကြားခဲ့ပါတယ်။
အဆိုပါအနှစ်မပြယ်ချစ်ဖွယ်(၈၀)ကဗျာများ(အဂ်လိပ်/မြန်မာ)စာအုပ်သည် ကဗျာဆရာ၊ အဆိုတော် မုံရွာသောင်းမြင့်သိန်း၏ အသက်၈၀ပြည့်ဖြစ်ပြီး ၈၀ ပြည့် အဓီဋ္ဌာန်ကဗျာမှာရော တခြားသောကဗျာတချို့မှာပါ တင်ပြထားတာရှိပါတယ်။ လုပ်ကိုင်ခွင့်ရသလောက်၊ သိသလောက်၊ တက်သလောက်ရေးသားဖန်တီးသွားမယ်လို့ စာရေးသူကစာအုပ်၏နိဒါန်းမှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး စာပေအနုပညာရှင်များ စုစည်းတည်ထောင်ထားသော ဂီတကမ္ဘာမြန်မာမှုအဖွဲ့မှ မြန်မာမှုတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။
နေလင်း(ပြန်/ဆက်)