တန့်ယန်း မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် ကျန်းမာရေးဌာနဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး