ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းဖွင့်အမှီ သန့်ရှင်းရေးဆောင်ရွက်မှုကို တိုင်းအစိုးရ၀န်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဒဂုံ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဖွင့်အမှီသန့်ရှင်းသာယာရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန့်ရှင်းရေးနှင့်ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများကို ယ‌မန်နေ့ နံနက် () နာရီမှ (၁၀) နာရီ အထိ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းတွင် ရေမြောင်း၊ ဖြတ်မြောင်းနှင့် အမှိုက်များ ရှင်းလင်းခြင်း၊ အမြင်မတင့်တယ်သည့် သစ်ကိုင်းများ ခုတ်ခြင်း၊ အုပ်မိုးသစ်ပင်များ ခုတ်ခြင်း၊ တွယ်ကပ်သစ်ပင်များ ဖယ်ခြင်း၊ သစ်ကိုင်းများ ဖယ်ခြင်း၊ မြက်ခင်းများကို မြက်ဖြတ်ခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာ‌စောင်များ‌ ပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့ရုံးမှ EO နှင့် တွဲဖက်ဌာနများ စုစုပေါင်းအင်အား (၈၇)ဦး ပါ၀င်ဆောင်ရွက်ခဲ့သည်။

အဆိုပါကျောင်းသို့ နံနက် () နာရီတွင် တိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ၀န်ကြီးများအဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

လဲ့လဲ့ (ပြန်/ဆက်)