သုံးခွ မေ ၁၇
စားသုံးသူဦးစီးဌာန စားသုံးသူများအသုံးပြုမည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း၊ အပြင် ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများရောင်းချနေသည့် အရောင်းဆိုင်များသို့ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍ စားသုံးသူများအသုံးပြု့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း