မြောက်ဥက္ကလာပ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့်ကူးစက်တတ်သောရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ယနေ့နံနက် ၇ နာရီအချိန် ရွှေပေါက်ကံ ဆည်မြောင်းဝန်ထမ်းအိမ်ရာအတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၀န်ထမ်းများက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍ ရွှေပေါက်ကံ ဆည်မြောင်းဝန်ထမ်းအိမ်ရာအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာခြင်မှ တဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး