နေပြည်တော် မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်စုံဝင်းအောင် ကားအရောင်းပြခန်းတွင် ငလျင်ဘေးဒဏ်ကြောင့် ယာယီနေထိုင်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင်များအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ကွင်းဆင်းဆေးကုရေးအဖွဲ့က ငလျင်ဘေးဒဏ်ကြောင့် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင် စုစုပေါင်း ၄၇ ဦးအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေးငန်းရောဂါ၊ ထုံနာကျင်နာရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)