ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ပံ့ပိုးငွေပေးအပ်

ဆီဆိုင် မေ ၁၇

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်၌ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ပံ့ပိုးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေမှပေးအပ်သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွက် ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆီဆိုင်မြို့အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများတို့ကို ပံ့ပိုးငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး ယာယီနေရပ် စွန့်ခွာပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါပံ့ပိုးငွေများပေးအပ်ရာတွင် ဆီဆိုင်မြိုနယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူ(၅၃၂)ဦးကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဖေဖော်ဝါရီနှင့်မတ်လ နှစ်လစာအတွက် စုစုပေါင်း ငွေကျပ် (၂၁၂၈၀၀၀၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)