ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ပြသ

ကလော မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်တွင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်နှင့် မိုးခေါင်ရေရှားဘေး၊ မီးဘေးအန္တရာယ် အ‌ကြောင်းရှောင်ရန်/ဆောင်ရန်အချက်များပါဝင်သည့် အသိပညာ‌ပေး နံရံကပ်စာ‌စောင်ကို ပြသခြင်းဖြင့် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာ‌‌ပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းထံမှ သိရသည်။

ကျော်ဝင်း(ကလော)