ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပ‌ဒေဆိုင်ရာ ‌အသိပေးဆွေးနွေး

ပင်လောင်း မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ညီညီတင်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာဥပဒေများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်အသီးသီးမှ သင်တန်းဆင်းပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် လိုအပ်သည်များ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကိုတင်ပြကြပြီး၊ တာဝန်ရှိသူတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါအစည်းအဝေးသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်၊ ဒေသအဆင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်