မိုင်းရယ် မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာလာသည့် ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ထောက်ပံ့ငွေပေးအပ်ခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာလာသည့် ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပြည်သူများ လူဦးရေ (၈၁၈)ဦးအတွက် တစ်ဦးလျှင် တစ်လ(၂၀,၀၀၀)ကျပ်နှုန်းဖြင့် ဖေဖော်ဝါရီနှင့် မတ်လအတွက် စုစုပေါင်းထောက်ပံ့ငွေ (၃၂,၇၂၀,၀၀ဝိ/) ကျပ်ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)