တန့်ယန်း မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးရှိ အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းများကို အခြေခံပညာကျောင်းအသီးသီးတို့တွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကြေညာထားကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးရှိ အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းများကို အခြေခံပညာကျောင်းအသီးသီးတို့တွင် ထုတ်ပြန်ကြေညာကပ်ထားရာ ကျောင်းသား/ကျောင်းသူများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)