တန့်ယန်း မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာအား မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် မေလ ၁၅ ရက်နေ့က စိုက်ထူထားရှိသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြို့နယ်ဒုတိယပညာရေးမှူး ဦးစိုင်းစံထွန်းနှင့်တာဝန်ရှိသူများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်နှင့်တာဝန်ရှိ ဆရာ/ဆရာမများက စိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းအပ်နှံနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေအထိသတ်မှတ်ကာ ကျောင်းသား/ကျောင်းသူများအား အခြေခံပညာကျောင်းအသီးသီး၌ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)