​လသာမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်   အခြေခံပညာကျောင်းများ၏ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်​

လသာ မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားခရိုင် ၊ ​လသာမြို့နယ်တွင်  ၂၀၂၄ -၂၀၂၅  ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ​ K-G မှ G- 11 အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း  (၅) ကျောင်း ၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်း ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းတို့မှ ကျောင်းသား ၊ ကျောင်းသူများ၏ စာ​မေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ ကျောင်းများအသီးသီးတွင် မေ ၁၅ ရက် နံနက် ၆ နာရီက  တစ်ပြိုင်နက်တည်း  ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်