ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား တွံတေး၌ ကျင်းပ

တွံတေး မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် ပညာရေးမှူးရုံးရှေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လမ်းဆုံနှင့် ကံဘဲ့လမ်းဆုံရှိ အ.ထ.က(ကံဘဲ့)တို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းဖြစ်ပြီး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခဲ့ကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၂)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

တွံတေးသား