လင်းခေး မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ဆက်လက်၍ စစ်ဗျူဟာမှူးနှင့် ခရိုင်/မြို့နယ်တာဝန်ရှိသူတို့က အဆိုပါ ပြည်သူများစုစုပေါင်း (၉၀)ဦးတို့ လက်ဝယ်အရောက် ထောက်ပံ့ငွေတစ်ဦးလျှင် ကျပ် လေးသောင်း(၄၀၀၀၀ိ/-)တိတိစီ တစ်ဦးချင်းအလိုက် အသီးသီးပေးအပ်ခဲ့ကြသည်။ ပေးအပ်ငွေ စုစုပေါင်း (၃,၆၀၀၀၀၀ိ/-)ကျပ်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရှိရပါသည်။
ယင်းနောက် အဆိုပါယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လင်းခေးမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)