ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် မေ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ်ရှိ သတ်မှတ်နေရာအသီးသီးတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး မြေစိုက်ပိုစတာများအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

သန်လျင်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ (၂၂) ရက်မှ ဇွန် (၁)ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)