သန်လျင်မြို့နယ် အခြေခံပညာကျောင်းများ အောင်စာရင်း ထုတ်ပြန်ကြေညာ

ရန်ကုန် မေ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ရာ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာကျောင်းအသီးသီးတွင် ယမန်နေ့နံနက်မှစ၍ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ယနေ့ထုတ်ပြန်သော အခြေခံပညာအဆင့် အောင်စာရင်းတွင် KG မှ Grade-11 ထိ ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)