လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လှိုင် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆကဆံရေးဦး စီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ (BookClub)နှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နာယက ဦးမင်းဆက်ပိုင်က အဖွင့်အမှာစကားပြောကြားပြီး လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညိုထွန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြေကြားခဲ့သည်။ ထို့နောက်စာရေးဆရာမ ပွင့်စန္ဒီရေးသားသည့် “ပုံစံခွက်ထဲက‌ ဖောက်ထွက်ခြင်း အနုပညာကဗျာခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်းတက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)