ကျောက်တံတားမြို့နယ်၌ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနား ပြုလုပ်

ကျောက်တံတား မေ ၁၆

“၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူးခြင်းကို ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးဆိုင်းဘုတ်များကို မြို့နယ်ပညာရေးမှူးရုံး၊ အ‌ခြေခံပညာအထက်တန်းကျောင်း ကျောက်တံတားနှင့် အခြေခံပညာမူလတန်းကျောင်း (အ.မ.က-၆) ကျောက်တံတားတို့၌ စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်နိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်သိန်း၊ အတွင်း‌ရေးမှူး ရဲမှူးထွေးလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်လှမေ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စန်း၊ အ.မ.က ၆ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးစန္ဒာအေးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၃၀)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံတား (ပြန်/ဆက်)