ဖားကန့်မြို့၌ ၂၀၂၅ခုနှစ် ပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကျောင်းသား/ကျောင်းသူများ စခန်းသွင်းလေ့ကျင့်လျက်ရှိ

ဖားကန့် ‌မေ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကျောင်းသား/ ကျောင်းသူများအား‌ မေလ(၅)ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဖားကန့်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က(ဖားကန့်)စာစစ်ဌာနနှင့် အ.ထ.က(ကာမိုင်း)စာစစ်ဌာနနှစ်ခုရှိရာ အ.ထ.က(ဖားကန့်)စာစစ်ဌာနတွင် ယခင်ဖြေဆိုခဲ့သော‌‌ ကျောင်းသား/ကျောင်းသူ(၂၈၄)ဦးရှိပြီး စခန်းသွင်း(၂၇၃)ဦးနှင့် အ.ထ.က(ကာမိုင်း)စာစစ်ဌာနတွင် ယခင်ဖြေဆိုသူ (၁၄၈) ဦးရှိရာ စခန်းသွင်းလေ့ကျင့်သူ(၁၄၄)ဦးရှိပြီး ဖားကန့်မြို့နယ်ရှိ စာစစ်ဌာနနှစ်ခုမှကျန်ရှိသည့်‌ ကျောင်းသား/ကျောင်းသူ(၁၅)ဦးကိုလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်‌ရေးအတွက် စခန်းသွင်း‌လေ့ကျင့်နိုင်‌ရန် မိဘအုပ်ထိန်းသူများအား ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယခုစခန်းသွင်း လေကျင့်လျက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို ဘာသာရပ်အလိုက်ဆရာ/ဆရာမများက စနစ်တကျ အနီးကပ် ကြပ်မတ်လေကျင့်သင်ကြားလျက်ရှိရာ မနက်စာ၊ နေ့လည်စာ၊ ညနေစာနှ‌င့် ညစာကျက်ချိန်ပြီးပါက ကော်ဖီနှင့်မုန့်များကို အခမဲ့ကျွေးမွေးလျက်ရှိပြီး ကျန်မာရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်လာရောက်၍ ကျန်းမာရေးအတွက် လိုအပ်ပါက စစ်‌ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းသား/ကျောင်းသူများအား မနက်၊ နေ့လည်နှင့် ညနေစာကျက်ပြီး ကော်ဖီနှင့် မုန့်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက ထောက်ပံ့ပေးထားကာ ချက်ပြုတ်ရေးနှင့် ကျွေးမွေးသည့်လုပ်ငန်းများကို ဆရာ/ဆရာမများမှ‌ နေ့စဉ်စာ‌မေးပွဲ ဖြေဆိုပြီးသည့်အထိ အလှည့်ကျဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို မေလ(၅)ရက်မှ စာမေးပွဲဖြေဆိုပြီးသည့် ဇွန်လ(၂၁)ရက်နေ့ထိ စနစ်တကျစခန်းသွင်းလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)