ခရမ်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ရှေ့ပန်းခြံ၊ မြေနီလမ်းတလျှောက်နှင့် ကြိုဆိုပါ၏တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရမ်းမြို့နယ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးတန်းများ စနစ်တကျရှိစေရေးအတွက်၊ ခရမ်းအိတ်ချိန်း၊ M Net၊ Goal Net၊ Mytel ဝန်ထမ်းများစုပေါင်း၍ လမ်းဘေးဝဲယာရှိ တရားမဝင်သွယ်တန်းထားသော ဆက်သွယ်ရေးကြိုးများ၊ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများစနစ်တကျရှိစေရေး ကွင်းဆင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း တင်းရရှိပါသည်။
ခရမ်း (ပြန်/ဆက်)