မောက်မယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မောက်မယ် မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူရရှိရေးအတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ အတန်းလိုက်အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီမှစ၍ သက်ဆိုင်ရာကျောင်းများရှိ ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း၌ အဆိုပါအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် KG အတန်းမှစ၍ သင်ရိုးသစ် ဧကဒဿမတန်း Grade-11 အထိ အခြေခံပညာကျောင်းများနှင့် Grade-5 နှင့် Grade-9 စာစစ်ဌာနများ စုစုပေါင်း (၅၇) ကျောင်းတို့တွင် အတန်းလိုက်အောင်စာရင်းများကို ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာကျောင်းများရှိ ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)