ခရမ်း မေလ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ခရမ်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community. Center) ခန်းမ၌ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် စသည့်အကြောင်းအရာများ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များနှင့် ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များအား ဟောပြောခဲ့ပါသည်။
ဆက်လက်၍ ကလေးအလုပ်သမားဆိုင်ရာ နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)