သုံးခွမြို့နယ်တွင် KG တန်းမှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းထုတ်ပြန် ကြေညာ

သုံးခွ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်ရှိ အ‌‌ခြေခံပညာသင်ကျောင်းများ၏ KG တန်းမှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ယနေ့နံနက်ပိုင်းအချိန်မှ စတင်၍ ထုတ်ပြန်ကြေညာကြောင်း သိရသည်။

အောင်စာရင်းထုတ်ပြန်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း (၁၄၇) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၅၄) ကျောင်တို့၏ ၂၀၂၄ -၂၀၂၅ပညာသင်နှစ်အတွက် အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများအသီးသီးတွင် မေ ၁၅ ရက်နံနက် ၆ နာရီက တစ်ပြိုင်နက်တည်း‌ ကြော်ငြာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)