သုံးခွ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်၈နာရီအချိန်က အမှတ်(၄)ရပ်ကွက် ရှစ်မျက်နှာဘုရားရှေ့နှင့် အ.လ.က (၁) ကျောင်းရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်းဌေးတို့က ကျောင်းအပ်နှံရေးမြေစိုက်ပိုစတားဆိုင်းဘုတ်အား နံသာရေသပြေခက်များဖြင့် ပက်ဖြန်းခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံးများ ရိုက်ကူးခဲ့ကြသည်။
ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)