မိုးနဲမြို့နယ်၌ အခြေခံပညာကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

မိုးနဲ မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်များကို (KG)တန်းတွင်လည်းကောင်း၊ အသက် ၆ နှစ် အရွယ်ကလေးများကို (Grade-1)တွင်လည်းကောင်း ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်၊၊

မျိုးညွန့်ရွှေ(မိုးနဲ)