ပျော်ဘွယ် မေ ၁၅
ပျော်ဘွယ်မြို့နယ်တွင် အမျိုသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှ တိမ်းရှောင်လာသည့် ပြည်သူများအား ဒုတိယအကြိမ် ငွေသားများ ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက နိုင်ငံတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှ တိမ်းရှောင်လာသူများအတွက် ကူညီဆောင်ရွက်ပေးမှုရှိသလို ပြည်သူများအနေဖြင့်လည်း နိုင်ငံအတွက် ကျရာအခန်းကဏ္ဍမှ ကူညီပါဝင်အားဖြည့်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးသည်။
ဆက်လက်၍ အမျိုသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့် လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှ တိမ်းရှောင်လာသူ (၁၈၁၉)ဦးအတွက် တစ်ဦးလျှင် ဖေဖော်ဝါရီလနှင့် မတ်လအတွက် နှစ်လစာ ငွေကျပ် (၄၀၀၀၀) နှုန်းကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက ငွေသားများကို ထပ်ဆင့် ပေးအပ်ရာ သက်ဆိုင်ရာ ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)