မြစ်သား မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (OraVacs) ကာကွယ်ဆေးနှင့်ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းများကို နေရှင်နယ်ပရဟိတဂေဟာရှိ ဆရာတော်၊ သံဃာတော်များအား ယနေ့နံနက် (၉) နာရီအချိန်က တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက နေရှင်နယ်ပရဟိတဂေဟာရှိ ဆရာတော်၊ သံဃာတော် (၃၀) ပါးကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (OraVacs) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)