ချမ်းအေးသာစံ မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၇၃လမ်း၊ ၃၀လမ်းထောင့်ရှိ မင်္ဂလာစျေးဟောင်းနေရာ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ငလျင်ဘေးသင့်ပြည်သူများ၏ ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင် အသုံးပြုရန် ဘိလပ်မြေအိတ်များနှင့်သံလုံးများကို သက်သာသောနှုန်းထားများဖြင့် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ရောင်းချပေးခဲ့သည်။
ငလျင်ဘေးသင့်ပြည်သူများ၏ ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင် အသုံးပြုရန် ဘိလပ်မြေအိတ်များကို ရောင်းချပေးလျက်ရှိရာ Crownဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် (၁၇၅၀၀)နှုန်း၊ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ်(၁၇၅၀၀) နှုန်းဖြင့် မေလ(၁၃)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ရောင်းချနေမှုများကို ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ လာရောက်ကြည့်ရှုကာ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြပြီး၊ အဆောက်အဦပြင် ဆင်လိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း သိရသည်။
ချမ်းမြေ့မောင်