ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေး

ကိုကိုးကျွန်း မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မူဖြင့် မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့် ​မြို့နယ်ကုန်ဈေးနှုန်းတည်​ငြိမ်ထိန်းချုပ်ရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားများအတိုင်း ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲနှင့် သကြားဈေးနှုန်းများအား စိစစ်ပြီး လုပ်ငန်းရှင်များအား လူတိုင်းနေ့စဉ်စားသောက်နေသည့် ထမင်းဟင်းများကို ချက်ပြုတ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်များသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်မှု မရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လွယ်ကူစွာ စား‌သောက်နိုင်ရေးတို့ကို စေတနာထားရောင်းချသွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာရေးရာအဖွဲ့၊ အမူဆောင်အရာရှိ ဦး​ပြည့်ဖြိုးမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)