ခရမ်းမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ခရမ်း မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်လက်ကားဆိုင်များ မရှိဘဲ လက်လီဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း ရှိ/မရှိနှင့် ရောင်းချမှုမရှိဘဲ သိုလှောင်ထားမှုရှိ/မရှိတို့အား စစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရာသို့ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ၊ အတွင်းရေးမှူးရဲမှူးကျော်စိုး၊ စည်ပင်သာယာ‌ရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချစေရေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)