ပျော်ဘွယ် မေ ၁၂
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မင်းရာမမဟာစေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ အခါသမယတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်တို့မှ ဘုရားဝင်းအတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းခြင်းကို မေလ (၁၁) ရက်၊ ညနေ (၃) နာရီ က အဆိုပါဘုရားတွင် ကျင်းပသည်။
ထိုကဲ့သို့ ညောင်ရေသွန်းလောင်းသူများက ဦးစွာစေတီတော်မြတ်ကြီးအတွင်း မင်းရာမဘုရားအား ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ကြပြီး ဘရားဝင်းအတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းကြသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့ အခါသမယနေ့၌ မင်းရာမမဟာစေတီတော်မြတ်ကြီးအတွင်း ညောင်ရေသွန်းလောင်းသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသလို ကျေးရွာများတွင်လည်း ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်